Sunday, October 31, 2010

MAI လေကြောင်းလိုင်းမှ သုံးစင်းမြောက် လေယာဉ်တစ်စင်း ထပ်မံရောက်ရှိ၊ ရန်ကုန်- ကွမ်ကျိုး ခရီးစဉ်ကို နိုဝင်ဘာကုန်၌ စတင်ပြေးဆွဲမည်

Myanmar Airways Inter- nation(MAI)လေကြောင်းလိုင်းမှ  ၎င်းင်းတို့ပိုင် သုံးစင်းမြောက်လေ ယာဉ်တစ်စင်းသည် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိ ရပါသည်။
    MAI လေကြောင်းလိုင်းတွင် MAI logo ဖြင့် Air Bus A 320 လေယာဉ်နှစ်စင်းကို ပိုင်ဆိုင်ထား ပြီး Air Bus A 321 လေယာဉ် တစ် စင်းမှာ ထပ်မံရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ လေယာဉ်မှာ ခရီးသည် ၂၂၀ ဦးလိုက် ပါနိုင်ပြီး လက်ရှိ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်နှစ်စင်းထက်ခရီးသည် ပိုမိုတင်ဆောင်နိုင်ကြောင်း သိရသည်။
   "အသစ်ရောက်လာတဲ့ လေယာဉ်က အခုလေယာဉ်တွေနဲ့ အမျိုးအစားတူ လေယာဉ်ပါပဲ။ A 320  လေယာဉ်တွေက ခရီးသည် ၁၆၂ ဦးပဲ လိုက်ပါ နိုင်ပြီးတော့ အသစ်ရောက်လာတဲ့ A 321 လေယာဉ်ကတော့ ခရီးသည်တွေကိုရော၊ ကုန်စည်တွေရော ပိုသယ်ဆောင်နိုင်တယ်" ဟု MAI Marketing Manager  မအေးမရသာ က ဆိုပါသည်။
   လေယာဉ်သစ် ရောက်ရှိလာမှုကြောင့် ခရီးစဉ်သစ်အဖြစ် ရန်ကုန်-ကွမ်ကျိုးခရီးစဉ်ကို နိုဝင်ဘာလကုန်တွင် တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်- ဘန်ကောက်- စင်ကာပူ- ဘန်ကောက်- ရန်ကုန်ခရီးစဉ်ကို လည်း နိုဝင်ဘာလ ၁၅ ရက်တွင် စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း မအေးမရသာက ထပ်မံပြောပြခဲ့သည်။
   MAI  လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် ရန်ကုန်မှ ဘန် ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ နှင့် ဗုဒ္ဓဂယာခရီးစဉ်လေးခုကို တိုက်ရိုက်ပျံသန်း ပြေးဆွဲလျက်ရှိကြောင်း သိရှိရပါသည်။

Credit : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.