သိမ်ဖြူနိုင်ငံခြားငွေ လဲလှယ်ရေးစင်တာတွင် ယူရိုနှင့် စင်ကာပူဒေါ်လာကို စတင်ဈေးဖွင့် ရောင်းချပြီဖြစ်ကြောင်း သိရသည်။ ယခင် အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီတို့ကိုသာ ဈေးဖွင့်ရောင်းချလျက်ရှိရာမှ အောက်တိုဘာ ၁၃ ရက်မှ စတင်ကာ ယူရိုနှင့် စင်ကာပူဒေါ်လာကို ဈေးဖွင့်ရောင်းချလိုက်ခြင်းဖြစ်ကြောင်း၊ ယူရိုငွေကြေးကို ဘဏ်မှ ရောင်းဈေး ၁၁၀၅ ကျပ်၊ စင်ကာပူဒေါ်လာကို ၆၃၇ ကျပ်ဖြင့် စတင်ဈေးဖွင့် သတ်မှတ်ရောင်းချလျက် ရှိကြောင်း သိရသည်။
“စင်တာ စဖွင့်တုန်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ယူရိုနဲ့ စင်ကာပူကို ဈေးမဖွင့်နိုင်ခဲ့ဘူး။ အခုနောက်ပိုင်းတော့ စင်တာကနေ လဲလှယ်ပေးတဲ့ ငွေကြေး လေးမျိုးစလုံးကို ဈေးဖွင့် ရောင်းချပေးသွားမှာပါ”ဟု အဆိုပါ နိုင်ငံခြားငွေ လဲလှယ်ရေးစင်တာ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ စီဘီဘဏ် တာဝန်ခံ ဦးဖေမြင့်က ပြောသည်။ နိုင်ငံခြားငွေ လဲလှယ်ရေးစင်တာကို အောက်တိုဘာ ၁ ရက်တွင် သိမ်ဖြူလမ်းရှိ အမှတ် (၉၉-၁၀၃) ၌ စတင်ဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ အက်ဖ်အီးစီနှင့် ယူရိုငွေကြေးတို့ကို လဲလှယ်ပေးလျက်ရှိသည်။ “အရင်တုန်းကတော့ စင်တာမှာ မှတ်ပုံတင်ပြတာနဲ့ ဒေါ်လာ ၂၀၀၀ အောက်လဲပေးတယ်။ အခုနောက်ပိုင်း ကော်မရှင်စား၊ ကြားပွဲစားတွေကြောင့် သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း ကန့်သတ်ရောင်းချပေးနေပါတယ်” ဟု ငွေလဲလှယ်ရေး စင်တာတွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သိမ်ဖြူနိုင်ငံခြားငွေ လဲလှယ်ရေး စင်တာတွင် အကောက်ခွန် နိုင်ငံခြားငွေ ကြေညာလွှာ FED Form ၊ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လက်မှတ် (AH) ရှိသူများကိုသာ နိုင်ငံခြားငွေကို ကန့်သတ်လဲလှယ် ရောင်းဝယ်လျက်ရှိကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
ရန်ကုန်တိုင်းမ် ဂျာနယ်တွေက ၂၀ အောက်တိုဘာအတွက်သတင်းကိုကျော်ထုက်ပေးဒါမြန်မာ့ပြည်ဘဲရှိမယ်ထင်၏..ကြည့်ပြီးရေအုံးကိုလူ..အခုမှ ၁၈ အောက်တိုဘာနော်
ReplyDeleteသကရဇ်မှားရင်တပုဒ်လုံးမှားရော
ReplyDeleteဟုတ်ပါတယ်ဗျာ။ ကျွန်တော်ထင်တာကတော့ ရန်ကုန်ကဂျာနယ်တွေက တစ်ပါတ်စာအတွက်ဆိုတော့ ရက်စွဲကိုလဲ ကြိုတပ်ထားတာဖြစ်မှာပါ။ အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
ReplyDelete