Saturday, February 04, 2012

ခရီးသွားလုပ်ငန်း ဒီပလိုမာ B.A အဆင့်တိုးမြှင့် ဖွင့်လှစ်မည်


ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ဘွဲ့လွန်ဒီပလိုမာသင်တန်းအဖြစ် ရန်ကုန်တက္ကသိုလ်က ၂၀၀၄ ခုနှစ်မှ စတင်သင်ကြားလျက်ရှိသော ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဘာသာရပ်ကို လေးနှစ်ကြာ တက်ရောက်ရမည့် ဝိဇ္ဇာဘွဲ့ B.A(Tourism) ဘာသာရပ်အဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း Tourism ဘာသာရပ် သင်ကြားပို့ချလျက်ရှိသော ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်က ပြောကြားသည်။ “ပညာရေးဌာန ခွင့်ပြုပြီးပြီ။ ဒီနှစ်မှာစဖို့ အစီအစဉ်ရှိပါတယ်” ဟု ၄င်းကဆိုသည်။ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ တစ်နှစ်ဒီပလိုမာ သင်တန်းများကို ၂၀၁၂ ခုနှစ်အထိ ရန်ကုန်မြို့ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်တွင် ခြောက်ကြိမ်မြောက်အထိ ဖွင့်လှစ်ခဲ့ပြီး မန္တလေးတွင် ပထမအကြိမ် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဘွဲ့ရပြီး အသက် ၂၀ မှ အသက် ၅၀ ဝန်းကျင်အထိ တက်ရောက်ကြပြီး ယခုအခါတွင် ရန်ကုန်၌ သင်တန်းသား ၅၈ ဦး၊ မန္တလေး၌ ၅၂ ဦး တက်ရောက်လျက်ရှိကြောင်း ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်က ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။


Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.