မြန်မာ့ လေကြောင်းမှ ပြေးဆွဲ ပေးလျက် ရှိတဲ့ လေကြောင်း ခရီးစဉ်များနဲ့
လေယာဉ် ခနှုန်း ထားများနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်း စုံစမ်းမှုများကို
ယခုလမှ စတင်ကာ ဆောင်ရွက် နိုင်ပြီ ဖြစ်တယ်လို့ မြန်မာ့ လေကြောင်းမှ
သတင်းများ အရ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ ယခင်က ဆောင်ရွက်
ပေးခဲ့ခြင်း မရှိဘဲ ယခု နိုဝင်ဘာ လမှသာ စတင် တယ်လီဖုန်းနဲ့ဆက်သွယ်
ဝန်ဆောင်မှု ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။
ဒီလို ဆက်သွယ်
စုံစမ်းနိုင်တဲ့ ဖုန်းနံပါတ်များ ကတော့ ၃၇၈၆၀၃၊ ၃၇၈၆၀၄၊ ၃၇၈၆၀၆နဲ့ ၃၇၈၆၀၈
အစရှိတဲ့ ဖုန်းများကို ဆက်သွယ် စုံစမ်းနိုင် ပါတယ်။ ဒါ့အပြင် ၀၉
-၄၂၁၁၆၉၅၅၁ ကနေ ၀၉-၄၂၁၁၆၉၅၅၄ အထိ ဖုန်းနံပါတ်တွေ ကိုလည်း ဆက်သွယ် စုံစမ်း
နိုင်ပါတယ်။ ဒီလို ခရီးစဉ်နဲ့ ဈေးနှုန်း တွေကို စုံစမ်းနိုင်တဲ့ အပြင်
ခရီးစဉ် လက်မှတ် Booking ကြိုတင် ဖြတ်ခြင်း တို့ကိုပါ ဆောင်ရွက်
နိုင်ပါတယ်။ ဒါ့အပြင် မြန်မာ့ လေကြောင်းရဲ့ စင်းလုံးငှား လေယာဉ်
ခရီးစဉ်များ ကိုလည်း အဆိုပါ ဖုန်းနံပါတ် များသို့ ဆက်သွယ် စုံစမ်းနိုင်
ပါတယ်။
အဆိုပါ ဆောင်ရွက်မှု ကိုတော့ နံနက် ၁၀ နာရီမှ စတင်ကာ ညနေ ၎
နာရီထိ နေ့စဉ် ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် ရတာဟာ
ပြည်တွင်းရှိ ပြည်သူများနဲ့ နိုင်ငံခြားသား ခရီးသွားများ မြန်မာ့
လေကြောင်းမှ လေယာဉ် များနဲ့ ခရီးသွား ရာမှာ လက်ရှိထက် ပိုမိုလွယ်ကူစွာ
ဆောင်ရွက် နိုင်စေဖို့ ဆောင်ရွက် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
Source : MRTV4
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.