အာရှပစိဖိတ်ဒေသ ဟိုတယ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံတွင် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ၏ အာဆီယံ ဒေသတွင်း ဟိုတယ်ရင်းနှီးမြှုပ်နှံရန် အကြိုက်ဆုံးနိုင်ငံ ရွေးချယ်မှု၌ မြန်မာနိုင်ငံက ဒုတိယရရှိခဲ့ပြီး နိုင်ငံသစ်တွင် မြန်မာကို အကြိုက်ဆုံးဖြစ်ကြောင်း သတ်မှတ်ခဲ့ကြသည်ဟု ၂၃-၅-၂၀၁၃ ရက်က သတင်းရရှိသည်။ မေလ ဒုတိယပတ်က ကျင်းပသော အဆိုပါညီလာခံကို အာရှပစိဖိတ်ဒေသတွင်းမှ စီးပွားရေး လုပ်ငန်းရှင် ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီ ဖုန်းဖြင့် SMS ပေးပို့ကာ မဲ(Voting) ပေးရွေးချယ်ခဲ့ကြခြင်းဖြစ်ကာ အဆိုပါ ညီလာခံကို ဘန်ကောက်မြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည်ဟု သိရသည်။ “မြန်မာနိုင်ငံကို နိုင်ငံတကာက စိတ်ဝင်စားနေတာ။ ဟိုတယ်ရင်းနှီးမြှုပ်နှံဖို့ စုံစမ်းသူတွေလည်း မနည်းပါဘူး။ လောလောဆယ် ပြင်သစ်က Croisi Europe ကုမ္ပဏီက မြန်မာမှာ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမှုတွေ လုပ်ခွင့်ပေးဖို့ ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ Patrick Schmitter ကိုယ်တိုင်လာပြီး ခွင့်ပြုချက် တင်ထားတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ရနိုင်သော အခြေအနေများကို လေ့လာစုံစမ်းသွားပြီး ရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရန်နှင့် ရှောင်ရန်များကိုပါ လေ့လာမေးမြန်းသွားသည်ဟု သိရသည်။ ထိုင်းနိုင်ငံသည် ပထမဆုရရှိခဲ့ပြီး မြန်မာက ဒုတိယနှင့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား စသည်တို့က အစဉ်လိုက် ရပ်တည်နေသည်ဟုလည်း သိရကြောင်း ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.