Thursday, July 18, 2019

ကင်းပုံရေတံခွန် (Kin Pon waterfall)


Kin Pon waterfall
Unocode
ရခိုင်ပြည်နယ်ထဲက အေးချမ်းသာယာလှတဲ့ ဂွမြို့နယ်လေးဟာဖြင့် လှပသော သဘာဝကမ်းခြေများအပြင် ရခိုင်ရိုးမကြီးနှင့် ထိစပ်နေသောကြောင့် တောတောင်များထဲမှာ သဘာဝအတိုင်း လှပနေတဲ့ ရေတံခွန် ကြီးငယ်များလည်း တည်ရှိနေတယ်ဆိုတာ သိရှိသူနည်းပါးလှပါတယ်၊ အဲဒီထဲကမှ အနီးဆုံးဖြစ်ပြီးသွားလာရလွယ်ကူသော ရန်ကုန်-သံတွဲ လမ်းမကြီးဘေး ကင်းပုံရွာအနီးနားက ရေတံခွန်ငယ်လေးတစ်ခုကိုတော့ ရောက်ဖြစ်ခဲ့ပါတယ်။ ကင်းပုံရွာအနီးက ရေတံခွန်လေးကတော့ မိုးတွင်းကာလတစ်လျှောက်တည်ရှိနေပြီး ကျန်ရာသီများမှာ ရေနည်းပါးပါတယ်။  ဝါဆိုလပြည့်နေ့နှင့် လပြည်ကျော်ရက်များမှာ ဒေသခံတွေဟာ ချက်ပြုတ်ပြင်ဆင်ပြီး ဝါဆိုပန်းခူးရင်း ရေတံခွန်မှာ တပျော်တပါး စားသောက် အနားယူကြဖို့ သွားရောက်တတ်ကြပါတယ်။
Trekking way to Kin Pon waterfall
Trekking way to Kin Pon waterfall
ရေတံခွန်သွားတဲ့ လမ်းကြောင်းကတော့ ကင်းပုံရွာအတွင်းကနေ လယ်ကွင်းတချို့ကိုဖြတ်ပြီး တောင်ခြေကိုရောက်အောင်သွားကြရပါတယ်။ မိုးရာသီဖြစ်တာကြောင့် လယ်ကွက်တွေအတွင်းမှာ ရေပြည့်နေပြီး စိမ်းစိမ်းစိုစိုရှိနေပါတယ်။ မိမိတို့သွားရောက်တဲ့အချိန်က မိုးမရွာပဲ နေသာနေတာကြောင့် သွားလာရတာ အဆင်ပြေလှပါတယ်။ တောင်ခြေရောက်တဲ့အခါ တောင်ဘေးကနေ စီးဆင်းနေသော စမ်းချောင်းလေးကနေတဆင့် ရေတံခွန်ဆီသို့ Trekking သွားခဲ့ရပါတယ်။ တချို့နေရာတွေမှာတော့ ကမ်းပါးဘေးကနေ တွယ်တက်ပြီးသွားခဲ့ရပါတယ်။ စမ်းချောင်းထဲမှာတော့ ကျောက်တုံး ကျောက်ခဲများသာ ရှိသောကြောင့် မလဲပြိုအောင်တော့ သတိထားကြရမှာပါ။ လမ်းတစ်လျောက်မှာတော့ စိမ်းစိုသာယာ လှပနေတဲ့ တောတောင်များရဲ့ သဘာဝအလှကို တွေ့မြင်ခဲ့ရပြီး တကယ်ပဲ မိမိကိုယ်ကို တောနက်ထဲ သွားလာနေသလိုမျိုး ခံစားချက်ကို ရရှိခဲ့ပါတယ်။ စမ်းချောင်းလမ်းအတိုင်း တစ်မိုင်လောက် သွားမိလိုက်တဲ့အခါမှာတော့ ရေတံခွန်ကိုရောက်ရှိခဲ့ပါတယ်။ ရေတံခွန်ကတော့ သိပ်မမြင့်ပေမယ့် တောတောင်သဘာဝအတိုင်း လှပစွာတည်ရှိနေတာကို တွေ့မြင်ခဲ့ရပါတယ်၊ မိမိတို့ရောက်ရှိချိန်မှာ တခြားအဖွဲ့ ၃ ဖွဲ့လောက်လည်းရှိနေတာမို့ မိမိတို့ ၃ယောက်အဖွဲ့လည်း လူရှင်းအောင်ခဏစောင့်ပြီး မနက်ပိုင်းကပြင်ဆင်လာတဲ့ အစားအသောက်တချို့ကိုထုတ်ပြီး သဘာဝကျကျ ငှက်ပျောဖက်ခင်းပြီး စားသောက် အနားယူနေကြပါတယ်။ ခဏနေမှ မိမိတို့အဖွဲ့လည်း ရေတံခွန်မှာ ရေဆင်းချိုးကြပါတယ်။ ရေတံခွန်က သေးငယ်တာကြောင့် အောက်ခြေကလည်း သိပ်မနက်လှပါဘူး။ မိုးမရွာပေမယ့် ရေကအေးမြတာကြောင့် ကြာကြာမဆင်းတော့ပဲ ပြန်တက်ခဲ့ပြီး အနီးအနားဝန်းကျင်ကို လေ့လာပြီး ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ မိမိအဖွဲ့ရေချိုးတာခဏစောင့်ပြီး အားလုံးသိမ်းဆည်းကာ မိမိတို့လာခဲ့တဲ့ လမ်းကြောင်းအတိုင်း ပြန်လာခဲ့ကြပါတယ်။

Me and Kin Pon waterfall
Trekking way to Kin Pon waterfall
ကင်းပုံရေတံခွန် သွားတဲ့လမ်းတစ်လျောက်မှာတော့ ရေလမ်းခရီးဖြစ်ပြီး မိုးရာလည်းဖြစ်တာကြောင့် တချို့လယ်ကွင်းဖြတ်လမ်းတွေမှာ ရွံ့နှင့်ချောနေပြီး တချို့ရေထုတ်မြောင်းလေးတွေက ပေါင်လောက်နက်တာကြောင့် ချော်လဲနိုင်ပါတယ်။ မိမိတို့ပါလာတဲ့ Mobile ဖုန်းတွေ Camera တွေရေမစိုအောင် သတိပြဖို့ ရေလုံအိတ်တွေဆောင်သွားရင်အကောင်းဆုံးဖြစ်ပါတယ်။ နောက်ပြီး တောတောင်များအတွင်းမှာ မိမိတို့ပါလာတဲ့ အစားအသောက် အမှိုက်တွေကို စမ်းချောင်းအတွင်း မပစ်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဖော့ဘူးတွေ၊ ပလပ်စတစ်တွေ၊ အအေးဘူးခွံတွေ၊ ပုလင်းတွေကို မိမိတို့နှင့်အတူ ပြန်လည်ယူဆောင်သွားမယ်ဆိုရင်ဖြင့် တောင်တောင်များရဲ့ သဘာဝအလှကို ရေရှည်ကာကွယ်ထိန်းသိမ်းရာရောက်ပါတယ် ဆိုတဲ့အကြောင်းပြောကြားလိုပြီး၊ ရခိုင်ပြည်နယ် ဂွမြို့နယ်ကိုရောက်ရှိခဲ့ရင်ဖြင့် ကင်းပုံရေတံခွန်လေးကို သွားရောက်လည်ပတ်နိုင်ရန်အတွက် တင်ပြလိုက်ရပါတယ်ခင်ဗျာ။

လင်းေမာင်ေမာင်
Photo by Zin Min Thu
Zawgyi
ရခိုင္ျပည္နယ္ထဲက ေအးခ်မ္းသာယာလွတဲ့ ဂြၿမိဳ႕နယ္ေလးဟာျဖင့္ လွပေသာ သဘာဝကမ္းေျခမ်ားအျပင္ ရခိုင္ရိုးမႀကီးႏွင့္ ထိစပ္ေနေသာေၾကာင့္ ေတာေတာင္မ်ားထဲမွာ သဘာဝအတိုင္း လွပေနတဲ့ ေရတံခြန္ ႀကီးငယ္မ်ားလည္း တည္ရွိေနတယ္ဆိုတာ သိရွိသူနည္းပါးလွပါတယ္၊ အဲဒီထဲကမွ အနီးဆုံးျဖစ္ၿပီးသြားလာရလြယ္ကူေသာ ရန္ကုန္-သံတြဲ လမ္းမႀကီးေဘး ကင္းပုံ႐ြာအနီးနားက ေရတံခြန္ငယ္ေလးတစ္ခုကိုေတာ့ ေရာက္ျဖစ္ခဲ့ပါတယ္။ ကင္းပုံ႐ြာအနီးက ေရတံခြန္ေလးကေတာ့ မိုးတြင္းကာလတစ္ေလွ်ာက္တည္ရွိေနၿပီး က်န္ရာသီမ်ားမွာ ေရနည္းပါးပါတယ္။  ဝါဆိုလျပည့္ေန႕ႏွင့္ လျပည္ေက်ာ္ရက္မ်ားမွာ ေဒသခံေတြဟာ ခ်က္ျပဳတ္ျပင္ဆင္ၿပီး ဝါဆိုပန္းခူးရင္း ေရတံခြန္မွာ တေပ်ာ္တပါး စားေသာက္ အနားယူၾကဖို႔ သြားေရာက္တတ္ၾကပါတယ္။
Photo by Zin Min Thu
ေရတံခြန္သြားတဲ့ လမ္းေၾကာင္းကေတာ့ ကင္းပုံရြာအတြင္းကေန လယ္ကြင္းတခ်ိဳ႕ကိုျဖတ္ၿပီး ေတာင္ေျခကိုေရာက္ေအာင္သြားၾကရပါတယ္။ မိုးရာသီျဖစ္တာေၾကာင့္ လယ္ကြက္ေတြအတြင္းမွာ ေရျပည့္ေနၿပီး စိမ္းစိမ္းစိုစိုရွိေနပါတယ္။ မိမိတို႔သြားေရာက္တဲ့အခ်ိန္က မိုးမရြာပဲ ေနသာေနတာေၾကာင့္ သြားလာရတာ အဆင္ေျပလွပါတယ္။ ေတာင္ေျခေရာက္တဲ့အခါ ေတာင္ေဘးကေန စီးဆင္းေနေသာ စမ္းေခ်ာင္းေလးကေနတဆင့္ ေရတံခြန္ဆီသို႔ Trekking သြားခဲ့ရပါတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ ကမ္းပါးေဘးကေန တြယ္တက္ၿပီးသြားခဲ့ရပါတယ္။ စမ္းေခ်ာင္းထဲမွာေတာ့ ေက်ာက္တုံး ေက်ာက္ခဲမ်ားသာ ရွိေသာေၾကာင့္ မလဲၿပိဳေအာင္ေတာ့ သတိထားၾကရမွာပါ။ လမ္းတစ္ေလ်ာက္မွာေတာ့ စိမ္းစိုသာယာလွပေနတဲ့ ေတာေတာင္မ်ားရဲ့ သဘာဝအလွကို ေတြ႕ျမင္ခဲ့ရၿပီး တကယ္ပဲ မိမိကိုယ္ကို ေတာနက္ထဲ သြားလာေနသလိုမ်ိဳး ခံစားခ်က္ကို ရရွိခဲ့ပါတယ္။ စမ္းေခ်ာင္းလမ္းအတိုင္း တစ္မိုင္ေလာက္သြားမိလိုက္တဲ့အခါမွာေတာ့ ေရတံခြန္ကိုေရာက္ရွိခဲ့ပါတယ္။ ေရတံခြန္ကေတာ့ သိပ္မျမင့္ေပမယ့္ ေတာေတာင္သဘာဝအတိုင္း လွပစြာတည္ရွိေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္၊  မိမိတို႔ေရာက္ရွိခ်ိန္မွာ တျခားအဖြဲ႕ ၃ ဖြဲ႕ေလာက္လည္းရွိေနတာမို႔ မိမိတို႔ ၃ေယာက္အဖြဲ႕လည္း လူရွင္းေအာင္ခဏေစာင့္ၿပီး မနက္ပိုင္းကျပင္ဆင္လာတဲ့ အစားအေသာက္တခ်ိဳ႕ကိုထုတ္ၿပီး သဘာဝက်က် ငွက္ေပ်ာဖက္ခင္းၿပီး စားေသာက္ အနားယူေနၾကပါတယ္။ ခဏေနမွ မိမိတို႔အဖြဲ႕လည္း ေရတံခြန္မွာ ေရဆင္းခ်ိဳးၾကပါတယ္။ ေရတံခြန္က ေသးငယ္တာေၾကာင့္ ေအာက္ေျခကလည္း သိပ္မနက္လွပါဘူး။ မိုးမရြာေပမယ့္ ေရကေအးျမတာေၾကာင့္ ၾကာၾကာမဆင္းေတာ့ပဲ ျပန္တက္ခဲ့ၿပီး အနီးအနားဝန္းက်င္ကို ေလ့လာၿပီး ဓါတ္ပုံရိုက္ခဲ့ပါတယ္။ ဒီလိုနဲ႔ မိမိအဖြဲ႕ေရခ်ိဳးတာခဏေစာင့္ၿပီး အားလုံးသိမ္းဆည္းကာ မိမိတို႔လာခဲ့တဲ့ လမ္းေၾကာင္းအတိုင္း ျပန္လာခဲ့ၾကပါတယ္။
Photo by Zin Min Thu
ကင္းပုံေရတံခြန္ သြားတဲ့လမ္းတစ္ေလ်ာက္မွာေတာ့ ေရလမ္းခရီးျဖစ္ၿပီး မိုးရာလည္းျဖစ္တာေၾကာင့္ တခ်ိဳ႕လယ္ကြင္းျဖတ္လမ္းေတြမွာ ရြံ့ႏွင့္ေခ်ာေနၿပီး တခ်ိဳ႕ေရထုတ္ေျမာင္းေလးေတြက ေပါင္ေလာက္နက္တာေၾကာင့္ ေခ်ာ္လဲနိုင္ပါတယ္။ မိမိတို႔ပါလာတဲ့ Mobile ဖုန္းေတြ Camera ေတြေရမစိုေအာင္ သတိျပဖို႔ ေရလုံအိတ္ေတြေဆာင္သြားရင္အေကာင္းဆုံးျဖစ္ပါတယ္။ ေနာက္ၿပီး ေတာေတာင္မ်ားအတြင္းမွာ မိမိတို႔ပါလာတဲ့ အစားအေသာက္ အမွိုက္ေတြကို စမ္းေခ်ာင္းအတြင္း မပစ္ဖို႔လိုအပ္ပါတယ္။ အထူးသျဖင့္ ေဖာ့ဘူးေတြ၊ ပလပ္စတစ္ေတြ၊ အေအးဘူးခြံေတြ၊ ပုလင္းေတြကို မိမိတို႔ႏွင့္အတူ ျပန္လည္ယူေဆာင္သြားမယ္ဆိုရင္ျဖင့္ ေတာင္ေတာင္မ်ားရဲ့ သဘာဝအလွကို ေရရွည္ကာကြယ္ထိန္းသိမ္းရာေရာက္ပါတယ္ ဆိုတဲ့အေၾကာင္းေျပာၾကားလိုၿပီး၊ ရခိုင္ျပည္နယ္ ဂြၿမိဳ႕နယ္ကိုေရာက္ရွိခဲ့ရင္ျဖင့္ ကင္းပုံေရတံခြန္ေလးကို သြားေရာက္လည္ပတ္နိုင္ရန္အတြက္ တင္ျပလိုက္ရပါတယ္ခင္ဗ်ာ။

လင္းေမာင္ေမာင္

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.