ဒီနေ့တော့ မနက်စောစော ထောက်ကြံ့စစ်သင်္ချိုင်းကို Solo စီးဖြစ်ခဲ့တယ်။ တက္ကသိုလ်ရိပ်သာလမ်းဘက်မှာတော့စက်ဘီးသမား မတွေ့ခဲ့ရပေမယ် ပြည်လမ်းပေါ်ရောက်တဲ့အခါမှာတော့ စက်ဘီးစီးအဖွဲ့တချို့ စီးနေကြတာတော့ တွေ့ခဲ့ရတယ်။ ထောက်ကြံ့စစ်သင်္ချိုင်းအရောက်မှာ ကိုယ့်ထက်အရင်ရောက်နှင့်နေကြတဲ့စက်ဘီးသမားတွေနဲ့ စည်ကားလို့နေပါတယ်။
အပြင်မှာသာ စည်ကားနေပေမယ့် စစ်သင်္ချိုင်းအတွင်းထဲမှာတော့ တိတ်ဆိတ်အေးချမ်းလို့နေပါတယ်။ ဒီထောက်ကြံ့စစ်သင်္ချိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သား ၆၃၇၄ ယောက်ကို မြုပ်နှံထားသော စစ်သင်္ချိုင်းကြီးဖြစ်ပြီး ထိုအထဲမှ ၅၂ ဦးမှာ ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သားများ ဖြစ်ကြပါတယ်။ အထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့သော ဓနသဟာယနိုင်ငံများမှ စစ်သား ၂၇၀၀၀ ၏ အမည်များကို ရေးထိုးထားပါတယ်။ အာရှမှာရှိတဲ့ စစ်သင်္ချုင်းများထဲမှာ အလည်အပတ်များသော စစ်သင်္ချိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီသင်္ချိုင်းရဲ့ ထူးခြားချက်က လက်ဝါးကပ်တိုင်အတွင်းထဲမှာ ဓါးအစစ်တစ်ချောင်းကို ထည့်သွင်းမြှုပ်နှံထားပြီး အဆောက်အဦးဆောက်လုပ်ရာမှာ အသုံးပြုထားတဲ့ ကျောက်တုံးများကို အိန္ဒိယကနေ သင်္ဘောနဲ့သယ်ယူပြီး ဆောက်လုပ်ထားတာပါ။
အပြန်မှာ စက်ဘီးသမားတွေစုရပ်ဖြစ်တဲ့ ရွှေခရားလဖ္ဘရည့်ဆိုင်မှာ မနက်စာစားဖို့ စဉ်းစားပြီးမှ ဆိုင်ရှေ့မှာစက်ဘီးအမျိုးအစားစုံနဲ့ ထိုင်စရာခုံတောင်မတွေ့တာနဲ့ ရန်ကင်းအထိပြန်နင်းလာပြီး ၁၂လုံးတန်းက ထိုင်နေကျဆိုင်မှာပဲ မနက်စာစားဖြစ်တော့တယ်။ စကားမစပ် စက်ဘီးစီး Jersey လေးလက်ဆောင်ပေးတဲ့ ကိုရန်ကျော်မိုး ကျေးဇူးပါဗျာ။



No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.