မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ၀င်ထွက်သွားလာနိုင်တဲ့ multiple-entry ဗီဇာကို ဒီကနေ့ စတင် ထုတ်ပေးနေပြီဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို ပိုမိုလာရောက်နိုင်အောင်နဲ့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံဆက်ဆံရေး ချဲ့ထွင်နိုင်အောင် ဒီအစီအစဉ်ကို အကောင်အထည် ဖော်တာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုထုတ်ပေးတဲ့ အကြိမ်ကြိမ်ဝင်ထွက်နိုင်တဲ့ ဗီဇာဟာ ၃ နှစ်သက်တမ်းရှိမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ အနေနဲ့ ခရီးတစ်ကြိမ်အတွင်း ဂျပန်နိုင်ငံမှာ ၁၅ ရက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရေး၊ မီးရထားလမ်းတွေ အဆင့်မြှင့်တင်ရေးနဲ့ တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်အစိုးရက ယန်းငွေ ၆၃ ဘီလျံ ထုတ်ချေးမယ်လို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတဦးသိန်းစိန်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တိုကျိုမြို့မှာ တွေ့ဆုံစဉ် ကတိပြုပြောကြားထားပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက်လည်း နှစ်နိုင်ငံအစိုးရတွေ အကြား သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးထားပါတယ်။
Source : RFA Burmese
Thursday, January 16, 2014
Wednesday, January 15, 2014
ဂျပန်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများကို ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်တော့မည်
ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ။ ။ သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဂျပန်နိုင်ငံအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများ ကို ဗီဇာကင်းလွတ်ခွင့်ဖြင့် သွား လာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် သာမန်နိုင်ငံကူးလက်မှတ်(အနီ) ကိုင်ဆောင်သူတိုင်း ဗီဇာလျှောက် ထားရန်မလိုအပ်ဘဲ သွားလာနိုင် ပြီဖြစ်သော်လည်း ကျန်ရှိ သည့် နိုင်ငံများကိုပါ ယင်းကဲ့သို့သွား လာနိုင်ရန် နိုင်ငံခြားရေးဝန်ကြီး ဌာနကစီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် အပြည် ပြည်ဆိုင်ရာဥပဒေစာချုပ်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အာဆီယံနိုင်ငံတွေနဲ့ကတော့ နှစ်နိုင်ငံဗီဇာမလိုဘဲသွားနိုင် အောင် စီစဉ်ဆောင်ရွက် နေပါ တယ်။ တချို့နိုင်ငံတွေနဲ့ဆိုရင် လက်မှတ်ထိုးဖို့ အဆင့်ပဲလိုတော့တယ်။ ဒီနှစ်အတွင်းမှာတော့ ဒေသတွင်းနိုင်ငံတွေအားလုံးကို ဗီဇာမလိုဘဲ သွားနိုင်အောင်စီ စဉ်ဆောင်ရွက်နေပါတယ်””ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့် ရှိနိုင်ရန် အတွက် လက်မှတ် ရေးထိုးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့အာဆီယံဒေ သတွင်းနိုင်ငံများနှင့် ဗီဇာကင်း လွတ်ခွင့် များရရှိပါက ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပိုမိုကောင်း မွန်လာနိုင်ကြောင်း ခရီးသွားလုပ် ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ် ပြောသည်။
မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်း အတွင်းရေး မှူး ဦးနောင်းနောင်းဟန်က “မဖြစ်မနေ လုပ်ရမယ့်ကိစ္စပဲ။ အဲဒါ တွေလုပ်ပြီးသွားရင်တော့ ခရီးသွားလုပ်ငန်းက တိုးလာမယ်။ အရေးကြီးတာကတော့ ထိုင်းနိုင်ငံနဲ့ ဗီဇာကင်း လွတ်ခွင့်လုပ်ဖို့ပဲ။ ထိုင်းက မြန်မာကိုတအား စိတ်ဝင်စားတယ်။ ထိုင်းနဲ့နှစ်နိုင်ငံ သဘောတူညီမှုရရင်တော့ ခရီးသွားလုပ်ငန်းက အခုထက်ပိုပြီး တိုးတက်လာမယ်” ဟု ပြောသည်။
လက်ရှိ တွင် မြန်မာနိုင်ငံ ၌ ဗီဇာအမျိုးအစားလေးမျိုး ရှိပြီး နိုင်ငံပေါင်း ၅၁နိုင်ငံကို သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိသည်။
သန်းနိုင်ဦး
Source : Yangon Media Group

Monday, January 13, 2014
အမျိုးအမည်မသိ ထူးခြားသော အသွင်သဏ္ဍာန်ရှိ ငှက်တစ်ကောင် မန္တလေး မြို့၌ တွေ့ရှိ
မန္တလေး ချမ်းအေးသာစံမြို့နယ်၂၇-၂၈ လမ်းကြား ၈၄ လမ်း ဈေးချို မန်းမြန်မာ ပလာဇာ ၂၅ ထပ်ပေါ်တွင် အမျိုး အမည်မသိ ထူးခြားသော ငှက် တစ်ကောင်ကို ဇန်နဝါရီ ၁၁ရက် ညနေ ၃ နာရီက မန္တလေး ပြည်ကြီး ရန်လုံ ရပ်ကွက်နေ အဆောက်အအုံ ကန်ထရိုက် ဦးဇော်ဝင်း(ဆေးဆရာ) မှ တွေ့ရှိခဲ့သည်။
အဆိုပါ ထူးခြားသော အသွင်သဏ္ဌာန်ရှိ အမျိုးအမည်မသိ ငှက်သည် ကြောင်ခေါင်း သဏ္ဌာန် ရှိပြီး လည်ပင်းတွင် အဖြူရစ်ပါရှိသည်။ အတောင်နှစ်ဖက်ဖြန့်လျှင် သုံးပေခန့်ရှည်လျားပြီး အမြီးနှင့် အတောင် တို့တွင် ဒေါင်းမြီးများ ကဲ့သို့ လှပသောပန်းကွက်များပါရှိသော ထူးခြား သည့်ဆောင်းခို ငှက် တစ်ကောင် ဖြစ်မည်ဟု ယူဆရသည်။ ၎င်းငှက်ကို စိတ်ပါဝင်စား သူများနှင့် ကလေးသူငယ်များ ကြည့်ရှု လေ့လာနိုင်ရန်အတွက် ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင်မန္တလေး အောင်မြေသာစံမြို့နယ် ၁၂လမ်းရှိ ရတနာပုံ တိရ စ္ဆာန် ဥယျာဉ်သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Source : MOI Webportal Myanmar

နာဂပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာမည်ဟုဆို
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာနိုင်မည်ဟု ခန့်မှန်းကြောင်း အဆိုပါ ပွဲတော်သို့ နိုင်ငံခြားသားများ သွားရောက် လေ့လာနိုင်ရန် ဆောင်ရွက်ပေးနေသည့် မန္တလေးမြို့တော် အခြေစိုက် Diamond Palace Travel & Tour ကုမ္ပဏီထံမှ သိရှိရသည်။
ပြည်ပဧည့်သည် ၃၀ ဦး အပါအဝင် ပြည်တွင်း ဧည့်သည် ၂၀ ဦးခန့်လည်း နာဂပွဲတော်ကို သွားရောက်ရန် ရှိသည်ဟု ယင်းကုမ္ပဏီထံမှ ထပ်မံသိရသည်။
အဆိုပါ ပွဲတော်ကို ၂၀၀၃ ခုနှစ်မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့တို့တွင် အလှည့်ကျ ကျင်းပလျက်ရှိပြီး ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသ နာဂတိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း ယင်းပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။
နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ရှေးနှစ်ပေါင်း များစွာကတည်းက ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ကျော် ကာလများတွင် ပြည်တွင်း ဧည့်သည်များ လာရောက် လည်ပတ်ကြသော နှစ်ကူးပွဲအဖြစ် ကျင်းပခဲ့ကြကာ ၂၀၀၁ ခုနှစ် လေရှီးမြို့၌ ကျင်းပသော ပွဲတော်မှ စတင်၍ နိုင်ငံခြားသား ဧည့်သည်များ လာရောက်ခဲ့ကြပြီး ကမ္ဘာသိ တိုင်းရင်းသားရိုးရာ ပွဲတော်တစ်ခု ဖြစ်ခဲ့သည်။
Source : The Voice Weekly

ဘန်ကောက် မြန်မာ ခရီးသွား ကျဆင်း
တနင်္လာနေ့ မှာ ဘန်ကောက်ကို သိမ်းပိုက် ဖို့ လှုပ်ရှား နေကြတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက မြို့တော်ရဲ့ အဓိက ခုနစ် နေရာမှာ ပိတ်ဆို့ ဆန္ဒပြဖို့ ရှိနေပါတယ် ။
ရန်ကုန် ဘန်ကောက် နေ့စဉ် ပြေး ဆွဲတဲ့ မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း ဈေးကွတ်မန်နေဂျာ ကတော့ မနက်ဖြန် လေ ယာဉ် ခရီးစဉ်တွေ အပါအဝင် ဘယ်လေ ကြောင်းကမှ ဖျက်သိမ်းဖို့ မရှိဘူး လို့ ပြောပါတယ် ။
ဘန်ကောက် အတိုက်အခံ တွေက သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ လူထု ပို့ဆောင် ရေးလုပ်ငန်းတွေကို ပိတ်ဆို့မှာ မဟုတ်ဘူး လို့ ပြောပေမယ့် လေဆိပ်သွား တဲ့လမ်း တွေ ပိတ်ဆို့မှု ရှိနိုင် တာကြောင့် မြန်မာ ခရီး သွားတွေကတော့ ဘန်ကောက် ခရီးစဉ်ကို ရွှေ့ ထားကြပါတယ် ။
ရန်ကုန် ဘန်ကောက် လေယာဉ် ခရီးစဉ်တွေ မရပ်ပေမယ့် ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်ကို ဝင် ထွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃ဝ လောက် မနက်ဖြန် လေယာဉ် ခရီးစဉ်တွေကို ဖျက်သိမ်း ထားပါတယ် ။
တကယ်လို့ ၂ဝ၁၁ ကလို သုဝဏ္ဏဘူမိ လေဆိပ် မှာ မြန်မာနိုင်ငံသားတွေ ပိတ်မိ သောင်တင်နေရင် ဒွန်မောင်းအနီး လေဆိပ်ဟောင်း ကနေ ပြန်ခေါ် ဖို့ လည်း အစီအစဉ်တွေ လုပ်ထား တယ်လို့ မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းက ပြောပါတယ် ။
ရန်ကုန် - ဘန် ကောက် တရက်ကို အသွားအပြန် ၁၈ ခေါက် လောက် လေကြောင်းလိုင်း ၅ လိုင်း လောက်က ပြေးဆွဲနေကြတာ ဖြစ်ပါတယ် ။
Source : BBC Burmese

Subscribe to:
Posts (Atom)