Bentong Hot Spring |
ဒီနေ့ အလုပ်ကိစ္စနဲ့ Raub ကိုသွားဖို့ ရုံးကစောစော ထွက်လာခဲ့တော့ သူငယ်ချင်းက ရေပူစမ်းကို လိုက်ပို့မယ်ဆိုပြီး လမ်းဟောင်းကနေ Bentong ရေပူစမ်းကိုသွားပါတယ်။ သွားနေကျ ဟိုင်းဝေးလမ်းကနေပြီး Genting Hiland ကျော်နား ရောက်တော့ လမ်းခွဲအတိုင်း Bengong ကိုသွားတဲ့ တောလမ်းကနေသွားပါတယ်။ ကားလမ်းက တောထဲမှာ ဖောက်ထားတော့ လမ်းကနဲနဲကျဉ်းပါတယ်။ ကားနှစ်စီး ရှောင်သာလောက်ရုံပဲ အကျယ်ရှိပါတယ်။ တောင်အကွေ့တွေမှာ တစ်စီးနဲ့တစ်စီး မမြင်ရတဲ့အတွက် ဟွန်းသံပေးပြီး ရှောင်မောင်းပြီး သွားရပါတယ်။ ဒါနဲ့ ရေပူစမ်းရောက်တော့ ရှိတဲ့ ဖုန်းကမရာနဲ့ပဲ ဓါတ်ပုံ လျှောက်ရိုက်ဖြစ်လိုက်တယ်။ ရေပူစမ်းမှာ ကန်သုံးကန် ရှိပါတယ်။ ပထမကန်က ရေပူထွက်တဲ့ ကန်ပါ။ ကြက်ဥတစ်လုံးကို ကြာကြာ စိမ်ထားမယ်ဆိုရင် ကျက်စေတဲ့အထိ ပူပါတယ်။ ပထမကန်ထဲကရေပူကို ဒုတိယကန်ထဲကို စီးဆင်းစေပါတယ်။ ဒုတိယကန်က ရေအေးနဲ့ ရောထားတဲ့အတွက် နွေးနွေးလေးသာရှိပါတယ်။ ဒီကန်က ရေပူ စိမ်လိုသူတွေအတွက် ပြုလုပ်ထားတာပါ။ တတိယကန်ကတော့ ဒုတိယကန် ကရေကို သန့်စင်ဖို့အတွက် ရေထုတ်တဲ့ကန်ပါ။ ဘန်တုံး ရေပူစမ်းက Entrance Fee မပေးရပါဘူး။ ဒီရေပူစမ်းအပြင် နောက်ထပ်ရေပူစမ်းနှစ်ခု ရှိပါသေးတယ်။ အဲဒီ့မှာတော့ Entrance Fee ပေးရပါတယ်။ အဲဒီ့ရေပူစမ်းတွေကတော့ ဟိုတယ်တွေနဲ့ တွဲဖွင့်ထားတာပါ။
Bentong ရေပူစမ်းအဝင်ဝမှာ ရိုက်ထားတဲ့ပုံပါ။ |
ရေပူစမ်းသို့ အဝင်လမ်း |
ရေပူစမ်းအနီးက Serenity Resort Hotel Bungalow Type ပါ။ |
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.