 |
Raub မြို့ရှိ ပန်းခြံအဝင်ဝ |
ရာဝတ် (Raub) ကို အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ရောက်သွားတယ်။ အလုပ်ကိစ္စပြီးတော့ အလည်ပေါ့။ ကျွန်တော့်ရုံးက သူငယ်ချင်းက အဲဒီ့မြို့သားဆိုတော့ သူက မြို့ရဲ့သာယာလှပတဲ့ နေရာတွေကို လိုက်ပို့တယ်လေ။ ရာဝတ် မြို့လေးက ကွာလာလမ်ပူနဲ့မတူပဲ တစ်မူထူးခြားလှပတဲ့ မြို့တစ်မြို့ပါ။ ဒီမြို့လေးက မလေးရှားနိုင်ငံ အနောက်ဘက်ခြမ်းက ပါဟန်း (Pahang)ပြည်နယ်ထဲမမှာ တည်ရှိတာပါ။ မလေးရှားနိင်ငံကွာလာလမ်ပူမြို့ ရဲ့မြောက်ဘက် မိုင်၅၀ (၈၀ ကီလိုမီတာ) အကွာမှာရှိတာပါ။ သာယာလှပတဲ့တောတောင်တွေ ဝန်းရံထားတဲ့ မြို့တစ်မြို့ပါ။ ကွာလာလမ်ပူကနေ ဘတ်စ်ကားနဲ့သွားမယ်ဆိုရင် ၂နာရီနဲ့ မိနစ်၃၀ လောက်ပဲကြာပါတယ်။
မြို့မှာ ထူးခြားတာက ရွှေထွက်တဲ့ မိုင်းတွင်းတွေရှိပါတယ်။ 1880 လောက်ကစပြီး ရွှေတွင်းတွေလုပ်ခဲ့ကြပါတယ်။ ရာဝတ်(Raub) ဆိုတာက မလေးလိုအခေါ်အဝေါ်ပါ ("scoop with one's hand'') လို့အဓိပါယ်ရပါတယ်။ သြစတေးလျှ ကုမ္မဏီတစ်ခုက 1889 လောက်ကစပြီး ကိုမန် တောင် (Koman Hill) နားမှာ ရွှေစရှာခဲ့ကြပြီး 1962 မှာ မိုင်းတွင်းကို ပိတ်သွားခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အသေးစား မိုင်းတွင်းလေးတွေသာ ဆက်လက်လုပ်နေကြပါတယ်။ အဲဒီ့ကို သူငယ်ချင်းက လိုက်ပို့တော့ လုံခြုံရေးဝန်ထမ်းတွေက ပေးမဝင်တာနဲ့ ပြန်လှည့်ခဲ့ကြရတယ်လေ။ ဓါတ်ပုံတောင်မရိုက်ခဲ့ရဘူး။
ရာဝတ် (Raub) မြို့က ကိုလိုနီခေါတ်လက်ရာတွေ ကျန်သေးတဲ့ မြို့တစ်မြို့ပါ နေရာတိုင်းမှာ ကိုလိုနီခေါတ် အဆောက်အဦးတွေကို တွေ့မြင်နေရဆဲပါ။ တောတောင်ရှုခင်းတွေကို မြင်ရတော့ မြန်မာပြည်ကိုတောင် အတော် သတိရမိသေးတယ်။ သူငယ်ချင်းကပြောတယ် သူတို့မြို့ကထွက်တဲ့ ဒူးရင်းသီးက မလေးရှားမှာ နံမည်ကြီးတယ်တဲ့။ စင်္ကာပူကို ပို့တာ သူတို့မြို့က အကောင်းဆုံးဒူးရင်းသီးတွေကို ပို့တာတဲ့။ ကွာလာလမ်ပူက ဒူးရင်းသီးသည်တွေဆိုရင် သူတို့ဒူးရင်းသီးက ရာဝတ် (Raub) ကလာတာလို့ ပြောရောင်းကြဆိုပဲ။ Fraser Hill ဆိုတာကလည်း ရာဝတ် (Raub) မှာနံမည်ကြီးပါတယ် အဲဒီ့ကိုတော့ အချိန်မရှိတော့လို့ မရောက်ဖြစ်လိုက်ပါဘူး
ဟိုဟိုဒီဒီလျှောက်လည်ရင်းနဲ့ ဓါတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ ဖုန်းကမရာနဲ့ဆိုတော့ ဓါတ်ပုံတွေက သိပ်တော့ မကောင်းပါဘူး။
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.