Sunday, May 12, 2019

ပန်းကန်တောင် Off-road လမ်း

ပုဂံတောင်လမ်းခုလတ်တစ်နေရာမှ ကျွန်းတောရှုခင်း
ဒီတစ်ခေါက်ဝောာ့ အားလပ်ရက်နံနက်ခင်းလေးမှာ အသွားအပြန် 14 မိုင်လောက်ပဲ ဝေးတဲ့ Tea shop ကိုသွားရင်း အပြန်မှာဝင်ခဲ့တဲ့ ကိုယ့်အနီးနားက Hardtail ရော Trail ပါ အဆင်ပြေစွာ စီးနိုင်မယ့် ဂွ - သံတွဲ လမ်းမပေါ်ကနေ သွားရတဲ့ Off-road လမ်းတိုလေးတစ်ခုကို တင်ပြချင်ပါတယ်။
ပန်းကန်တောင်လမ်းခုလတ်တစ်နေရာ
ဒီလမ်းက တောင်ပေါ်ကျောက်ထုတ်တဲ့ လမ်းဖြစ်ပြီး ကားသွားဖို့ဖောက်ထားတာဖြစ်တဲ့အတွက် စက်ဘီးသမားတွေအတွက်တော့ လမ်းကျယ်တယ်လို့ပဲ ဆိုရမှာပါ။ လမ်းအစမှာတော့ အနည်းငယ် ပြေပြစ်ပေမယ့် လမ်းလယ်လောက်ကစပြီး ကုန်းတက်တွေပဲ တက်ရမှာပါ၊ တချို့နေရာတွေမှာတော့ လမ်းပြေပါတယ်။ လမ်းတဝက်လောက် ကုန်းမြင့်ပေါ်ကနေ ကျွန်းစိုက်ခင်းတွေ လယ်ကွက်တွေကို ရှုမြင်ရမှာဖြစ်ပါတယ်။ ယခုအချိန်ကဝောာ့ နွေရာသီဖြစ်တဲ့အတွက် ရွက်ကြွေတော ဖြစ်လို့နေပါပြီ။ လမ်းဆုံးလို့ ကျောက်တောင်ပေါ်ရောက်တဲ့အခါမှာတော့ ကုန်းတက်နင်းလာသမျှ အမောပြေစေမယ့် တောတောင် သဘာဝ ရှုခင်းတွေနဲ့အတူ ပင်လယ်ပြာပြာကြီးရဲ့ သဘာဝအလှကို ရှုမြင်ခံစားရမှာပါ။ Selfie သမားတွေအတွက်တော့ ဓတ်ပုံရိုက်လို့ကောင်းမှာပါဗျာ ....😉
တောင်ပေါ်ရှုခင်းတစ်ခု
ဒီလိုနဲ့ အတက်ခရီးမှာ ဖိနင်းခဲ့ရသမျှ အပြန်ခရီးမှာတော့ တောင်အဆင်းလမ်းကို တောက်လျှောက် သက်သက်သာသာပဲ ဆင်းရပါပြီ။ ကျနော့်ဘီးကတော့ ယခင် V-Brake လေးကိုညီစိုးဆီက SLX Hydraulic Brake လေးနဲ့ Upgrade လုပ်ထားတာမို့ အဆင်းမှာ စိတ်ချရပေမယ့် Downhill ဘီးလဲမဟုတ် ယခင်က တခါမှမစီးဘူးသေးတဲ့လမ်းဖြစ်လို့ တချို့နေရာတွေမှာ အဆင်းကြမ်းတာကြောင့် ထိန်းဆင်းခဲ့ရပါတယ်၊ ဆင်းတော့မတွန်းခဲ့ပါဘူးခင်ဗျာ 😜
အဆင်းလမ်းတစ်နေရာ
လမ်းမပေါ်ပြန်ရောက်တော့မှပဲ အိမ်ပြန်နောက်ကျနေမှာစိုးလို့ ခပ်သွက်သွက်လေး နင်းပြန်ခဲ့ရပါကြောင်း .... 😄၊ နောက်ထပ် အားလပ်ရက်များမှာလည်း စက်ဘီးဝါသနာရှင်များအတွက် Off-road လမ်းအသစ်များကို ကြိုးစားရှာ‌ဖွေ တင်ပြပေးသွားပါ့မယ်ခင်ဗျာ။

လင်းမောင်မောင်

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.