Sunday, December 21, 2025

Oita မြို့မှ Yokozuka Tenmangu ဘုရားကျောင်း

Oita မြို့က Yokozuka Tenmangu ဘုရားကျောင်း ကိုသွားရောက်‌ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းတည်နေရာက အေးချမ်းငြိမ်သက်သည့် ပတ်ဝန်းကျင်မှာ တည်ရှိပြီး၊ အနီးအနားမှာ တောတောင်နှင့် သစ်ပင်များဖြင့် တိတ်ဆိတ်အေးချမ်းလှပါတယ်။ ဒီဘုရားကျောင်းမှာကိုးကွယ်သည့် နတ်ဘုရားက Sugawara no Michizane ဖြစ်ပြီး ပညာရေး၊ စာပေ၊ အနုပညာနှင့် ရိုးဖြောင့်ခြင်းတို့၏ နတ်ဘုရား ဖြစ်ပါတယ်။ 

ဒီဘုရားကျောင်းက Oita ဒေသတွင်း သက်တမ်းရင့် Tenmangu ရှေးဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ တိကျသော တည်ထောင်သည့်ခုနှစ်ကို မှတ်တမ်းမရှိပေမယ့် ဒေသအစဉ်အလာအရ Heian ခေတ် (794 - 1185) ကတည်းက တည်ရှိခဲ့တယ်လို့ယူဆကြပြီး ၁၈၇၃ ခုနှစ်တွင် ရွာဘုရားကျောင်း ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဘုရားကျောင်းနံဘေးမှာ ရှေးဟောင်း "Yokozuka Kofun" လို့ အမည်ရတဲ့ ရှေး‌ဟောင်း ဂူသင်္ချိုင်းရှိပြီး ဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ဖော်ပြနေပါတယ်။ ဘုရားကျောင်းဝင်းအတွင်းမှာ ဂျပန်ရိုးရာဗိသုကာလက်ရာဖြင့် ဆောက်လုပ်ထားသည့် Honden (ပင်မကိုးကွယ်ရာအဆောက်အအုံ) နှင့် Haiden (ပူဇော်ပသရာအဆောက်အအုံ) တို့ရှိပါတယ်။ တိုရီးခိလို့ခေါ်တဲ့ (ဝင်ပေါက် ဗိမာန်တံတား) နှင့် Komainu အစောင့်ခြင်္သေ့ရုပ်တို့ကိုလည်း တွေ့နိုင်ပါတယ်။

နှစ်စဉ်ပွဲတော်ကြီး (Reitaisai) ကို ကျင်းပလေ့ရှိပြီး၊ ပူဇော်ပသမှုများ ပြုလုပ်‌ကြပါတယ်။ စာမေးပွဲရာသီ ဖြစ်တဲ့ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများမှာ ဆုတောင်းစာရွက်များ ရေးသားချိတ်ဆွဲခြင်းများကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီဘုရားကျောင်းက ကြီးမားပြီး နာမည်ကျော်ကြားတဲ့ နေရာမဟုတ်‌ပေမယ့်လည်း ဒေသခံတွေရဲ့ ဘာသာရေး ယုံကြည်မှုနှင့် ဒေသအစဉ်အလာကို လေ့လာနိုင်သောနေရာဖြစ်ပါတယ်။

Oita မြို့၏ Yokozuka ရပ်ကွက်မှာ တည်ရှိသော Yokozuka Tenmangu ဘုရားကျောင်းသည် သမိုင်းကြောင်းနှင့် ပညာရေးအတွက် အထူးအရေးပါသည့် နေရာတစ်ခုဖြစ်ပြီး ‌ဆိတ်ငြိမ်တဲ့ဒေသကို ခံစားနှစ်ခြိုက်သူများအတွက်တော့ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ⛩️🌳

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.