Sunday, May 12, 2019

ပန်းကန်တောင် Off-road လမ်း

ပုဂံတောင်လမ်းခုလတ်တစ်နေရာမှ ကျွန်းတောရှုခင်း
ဒီတစ်ခေါက်ဝောာ့ အားလပ်ရက်နံနက်ခင်းလေးမှာ အသွားအပြန် 14 မိုင်လောက်ပဲ ဝေးတဲ့ Tea shop ကိုသွားရင်း အပြန်မှာဝင်ခဲ့တဲ့ ကိုယ့်အနီးနားက Hardtail ရော Trail ပါ အဆင်ပြေစွာ စီးနိုင်မယ့် ဂွ - သံတွဲ လမ်းမပေါ်ကနေ သွားရတဲ့ Off-road လမ်းတိုလေးတစ်ခုကို တင်ပြချင်ပါတယ်။

Sunday, March 24, 2019

Shwe Oo Kwin Trip

Unicode
ဒီတစ်ခေါက်တော့ စက်ဘီးဝါသနာရှင်တွေ အတွက်ကမ်းခြေမှာ အပန်းဖြေရင်း ကျေးလက် သဘာဝရှုခင်းတွေကြည့်ပြီး စက်ဘီးစီးနိုင်မယ့် ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းတဲ့ ဂွမြို့နယ်ထဲက Offroad လမ်းကြောင်းလေးတစ်ခုကို နောက်ထပ် တင်ပြချင်ပါတယ်။ အဲဒီလမ်းကြောင်းကတော့

Saturday, March 09, 2019

အိုးထိန်းရွာဟောင်းခရီးစဉ်

ကန့်ကော်တောင်ရွာ ချင်းနှစ်ချင်းခရစ်ယာန်ကျောင်း
ရန်ကုန်ကနေ ငပလီကို စီးကြမယ့် Bikers များအတွက် ဒေသန္တရ ဗဟုသုတလဲရ မြေသားအိအိလေးနဲ့ စီးလို့ကောင်းတဲ့ Off-road လမ်းကြောင်းလေးတစ်ခုကို ပြောပြချင်ပါတယ်။ ဂွ-သံတွဲလမ်းမပေါ်ကနေ နှစ်မိုင်လောက်စီးရပြီး ကန့်ကော်တောင်ဆိုတဲ့  ချင်းရွာငယ်လေးကိုဖြတ်ပြီးသွားရပါတယ်။ ကန့်ကော်တောင်ရွာကို ကျော်လာပြီး လမ်းဘေးတစ်လျှောက် သီဟိုပင်တွေစိုက်ထားတဲ့ မြေသားအိအိလမ်းတစ်လျှေက် စက်ဘီးစီးလို့ကောင်းပါတယ်။ သီဟိုခင်းတွေကျော်လာခဲ့တဲ့အခါမှာတော့ သဘာဝဘေးကြောင့် ရွှေ့ပြောင်းလာတဲ့ အိုးထိန်းရွာသစ်ကို ဖြတ်လာပြီးတဲ့အခါ ကျောက်ခင်းလမ်းတချို့ကို ဖြတ်သန်းပြီးတဲ့အခါမှာေတာ့ ရွာသစ်တည်ဖို့ စွန့်ခွာသွားလို့ ဘယ်သူမှမနေတော့ပဲ ကျန်နေခဲ့တဲ့ ရခိုင်ရိုးမတောင်တန်းကြီးနောက်ခံထားပြီး သာယာလှတဲ့ အိုးထိန်းရွာဟောင်းလေးကို လှမ်းမြင်နေရပါတယ်။ 

Thursday, October 26, 2017

တောရိုင်းတောင်ရိုင်းကြားထဲက နိဗ္ဗာန်ဘုံ သို့မဟုတ် ကယော (ဟိုယာ) ဒေသခရီးကြမ်း

မြန်မာပြည်ရဲ့ ပထမဆုံး ကယောဒေသ ခရီးသွားနယ်မြေသစ်ဆိုပြီး YAW 45 Environment Tour Family က စီစဉ်ပေးနေတဲ့ တောရိုင်းတောင်ရိုင်းကြားထဲက နိဗ္ဗာန်ဘုံ သို့မဟုတ် ကယော (ဟိုယာ) ဒေသခရီးကြမ်းဆိုတာကို ညွှန်ပေးချင်ပါတယ်။ ဒီခရီးစဉ်မှာ သွားရမယ့်နေရာကို ကယောဒေသလို့ ခေါ်ကြတဲ့အပြင် ဟိုယာဒေသလို့လည်း ခေါ်ကြပါတယ်။ ဒီဒေသမှာ နေထိုင်သူတွေဟာ ပြင်ပကလူတွေနဲ့ အဆက်အစပ်မရှိကြသလို သူတို့ ရိုးရာဓလေ့အတိုင်း နေထိုင်ကြတာပါ။ တောင်ယာ လုပ်တယ်။ အမဲလိုက်တယ်။ အဝတ်အစားကိုလည်း ရိုးရာ အတိုင်း ဝတ်ကြပါတယ်။ ခရီးစဉ်အတွင်း ကယောဒေသမှာရှိတဲ့ ဆင်ဖြူတောင်၊ ပရူးနူးဂူကို ရောက်ရှိမယ့်အပြင် ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့ကိုလည်း လည်ပတ်ရမှာပါ။ တောတောင်တွေကို ဖြတ်သန်းသွားရမှာဖြစ်သလို ခါးလောက်ရှိတဲ့ ရေတောထဲလည်း ဖြတ်သွားရမှာကြောင့် ခရီးစဉ်က ကြမ်းပါတယ်။ ညအိပ်တဲ့အခါ လေအရမ်းတိုက်နေတဲ့ တောင်ပေါ်မှာ အိပ်စက်ရမှာ။ အစားအသောက်ကအစ ဖက်ရွက်ပေါ်မှာ ပုံစားရမှာဖြစ်ပါ တယ်။ ကယော (ကယား) လူမျိုးတွေရဲ့ ရိုးရာခေါင်ရည်ကို အဝသောက်ရမယ့်အပြင် အသားနဲ့ အသီးအရွက်အစုံပါတဲ့ ပူစပ် ပူလောင် ရိုးရာစာတွေချည်းစားရမှာပါ။ ရိုးရာစာ မစားနိုင်သူများ အတွက် အခြားအစားအစာကို အဆင်ပြေအောင် စီစဉ်ပေးမှာပါ။

Tuesday, October 07, 2014

နိုင်ငံပေါင်း ၂၄ နိုင်ငံကို e-Visa စနစ် ထပ်မံခွင့်ပြု

စက်တင်ဘာ ၁ ရက်မှ စတင် အသုံးပြုခဲ့သော အွန်လိုင်းဗီဇာ ( e-Visa ) စနစ်ကို အောက်တိုဘာ ၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ထပ်မံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

တိုးချဲ့ ပေးလိုက်သော နိုင်ငံများ၌ မြန်မာ နိုင်ငံသို့ ခရီးသည် အဝင်နည်းသော ပီရူး၊ ပနားမား နှင့် မွန်ဂိုလီးယား စသော နိုင်ငံများ ပါဝင်ကြောင်း သိရသည်။ အွန်လိုင်းဗီဇာ e-Visa စနစ် ဆောင်ရွက်ရာတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံအပြင် ခရီးသွား လာရောက်မှု အပေါ် မူတည်ပြီး နိုင်ငံများ ထပ်မံ တိုးချဲ့ပေးရန် ခရီးသွား လုပ်ငန်းရှင်များ က လိုအပ်သော နိုင်ငံများကို သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ စက်တင်ဘာ ၂၃ ရက်က တင်ပြခဲ့ ကြသည်။